Thursday, May 21, 2009

ပုဗ္ဗဏှသုတ် ပါဋ္ဌိ နှင့် မြန်မာပြန်

၁၁။ ပုဗ္ဗဏှသုတ် မြန်မာပြန်

၁။ မကောင်းသော အတိတ်နမိတ်၊ မကောင်းသော အမင်္ဂလာ၊ မကောင်းဆိုးဝါးသောငှက် တို.၏ မနှစ်လိုဖွယ်သော မြည်သံ၊ တွန်သံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း ၊ မကောင်းသော အိမ်မက်တို့သည် ရှိကုန်၏။ ထို မကောင်းသော အတိတ်နမိတ် အစရှိသည်တို့သည် မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ကင်းစင်လွင့်ပျောက်ကြစေကုန်သတည်း။



၂။ မကောင်းသော အတိတ်နမိတ်၊ မကောင်းသော အမင်္ဂလာ၊ မကောင်းဆိုးဝါးသောငှက် တို.၏ မနှစ်လိုဖွယ်သော မြည်သံ၊ တွန်သံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း ၊ မကောင်းသော အိမ်မက်တို့သည် ရှိကုန်၏။ ထို မကောင်းသော အတိတ်နမိတ် အစရှိသည်တို့သည် တရားတော်မြတ် တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ကင်းစင်လွင့်ပျောက်ကြစေကုန်သတည်း။

၃။ မကောင်းသော အတိတ်နမိတ်၊ မကောင်းသော အမင်္ဂလာ၊ မကောင်းဆိုးဝါးသောငှက် တို.၏ မနှစ်လိုဖွယ်သော မြည်သံ၊ တွန်သံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း ၊ မကောင်းသော အိမ်မက်တို့သည် ရှိကုန်၏။ ထို မကောင်းသော အတိတ်နမိတ် အစရှိသည်တို့သည် သံဃာတော်မြတ်တို.၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ကင်းစင်လွင့်ပျောက်ကြစေကုန်သတည်း။

၎။ ဆင်းရဲဒုက္ခ ရောက်နေကြကုန်သော သတ္တ၀ါအားလုံးတို.သည် ဆင်းရဲဒုက္ခ ကင်းဝေး ကြပါစေကုန်သတည်း။ ဘေးနှင့် ရင်ဆိုင်တွေ.ကြုံနေကြရကုန်သော သတ္တ၀ါအားလုံးတို့သည် ဘေးဘယာ ဝေးကွာကြပါစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ဗျပါဒသို့ ရောက်နေကြရကုန်သော သတ္တ၀ါ အားလုံးတို့သည် စိုးရိမ်လွတ်ကင်း ကြောင့်ကြခြင်း မရှိကြပါစေကုန်သတည်း။

၅။ ဤမျှ အတိုင်းအရှည် ရှိသော ပရိတ်တရားတော် တို့ကို ရွတ်ဖတ် ပူဇော်ခြင်းဖြင့် အကျွန်ုပ်တို့ ကောင်းစွာ ဆည်းပူး ပြုလုပ်အပ်သော ကုသိုလ် ကောင်းမှုတို့၏ ပြည့်စုံခြင်းကို အလုံးစုံသော နတ်များတို့သည် လောကီ၊ လောကုတ္တရာ စည်းစိမ် ချမ်းသာတို့နှင့် ပြည့်စုံစေခြင်း အကျိုးငှာ ၀မ်းမြောက်နုမော် သာဓုခေါ်တော် မူကြပါကုန်လော့။

၆။ ပေးကမ်း စွန့်ကြဲ နည်းများမဟူ အလှူဒါနကို ကံ၊ ကံ၏ အကျိုးအား ယုံကြည်သော သဒ္ဓါတရားဖြင့် ပေးကမ်းလှူဒါန်းတော်မူကြပါကုန်လော့။ နေ့ရော ညပါ အခါခပ်သိမ်း ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးပညတ် သီလတော်မြတ်ကို မကျိုးမပေါက် မကျားမပြောက်အောင် စောင့်ရှောက်တော်မူကြပါကုန်လော့။ သမထ ၀ိပဿနာ ဘာဝနာ ပရိတ်တရားတော်နာ ကြွရောက်တော်မူလာကြကုန်သော အရှင်နတ်အများတို့သည် ကိုယ်စီ ကိုယ်ငှ လိုရာ ဌာနသို့ ကြွမြန်းတော် မူကြကုန်လော့။

၇။ ကိုယ်တော်အား ဆယ်ပါး၊ ဥာဏ်တော်အား ဆယ်ပါးသို့ ရောက်တော်မူကြကုန်သော အလုံးစုံသော မြတ်စွာဘုရားတို့၏ လည်းကောင်း၊ ပစ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်တို့လည်းကောင်း အကြင်ဥာဏ ဗလတော်သည် ရှိ၏။ ထိုဥာဏ ဗလတော်၏ တန်ခိုးတေဇော် အာနုဘော်ဖြင့် ထက်ဝန်းကျင်သော အရပ်မျက်နှာမှ အစောင့်အရှောက်ကို ဖွဲ့စည်းပါ၏။

၈။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည် အစရှိသည်၌ လည်းကောင်း၊ နတ်ပြည်တို့၌ လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော ရတနာသည် ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရားနှင့် တူမျှသော ရတနာသည် မရှိ။ ဤ မြတ်စွာဘုရားသည် သာလျှင် လောကီ ရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့် သတ္တ၀ါတို့အား ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၉။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည် အစရှိသည်၌ လည်းကောင်း၊ နတ်ပြည်တို့၌ လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော ရတနာသည် ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရား တရားတော်နှင့် တူမျှသော ရတနာသည် မရှိ။ ဤ တရားသည် သာလျှင် လောကီ ရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့် သတ္တ၀ါတို့အား ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၁၀။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည် အစရှိသည်၌ လည်းကောင်း၊ နတ်ပြည်တို့၌ လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော ရတနာသည် ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရား တပည့်သား သံဃာတော်နှင့် တူမျှသော ရတနာသည် မရှိ။ ဤ သံဃာတော်သည် သာလျှင် လောကီ ရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့် သတ္တ၀ါတို့အား ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၁၁။ ပစ္စုပ္ပာန် သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံ အရပ်ရပ် ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေကုန်သတည်း။ ခပ်သိမ်းသော ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေသတည်း။

၁၂။ ပစ္စုပ္ပာန် သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံ အရပ်ရပ် ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေကုန်သတည်း။ ခပ်သိမ်းသော တရားတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေသတည်း။

၁၃။ ပစ္စုပ္ပာန် သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံ အရပ်ရပ် ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေကုန်သတည်း။ ခပ်သိမ်းသော သံဃာတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေသတည်း။

၁၄။ ကြီးမြတ်သော ဂရုဏာ ရှိတော်မူသော ရှင်တော်ဘုရားသည် ခပ်သိမ်းသော သတ္တ၀ါတို့၏ အစီးအပွား အလို့ငှာ အလုံးစုံသော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ၏။ မြင့်မြတ်သော အရဟတ္တ မဂ်ဥာဏ်၊ သဗ္ဗညုတ ဥာဏ်ကို ရတော်မူ၏။ ဤသို့ မှန်စွာ ဆိုရသော သစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်း ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၁၅။ သာကီဝင်မင်းတို့၏ နှစ်သက်မြတ်နိုးခြင်းကို ပွားတိုးစေတော်မူတတ်သော မြတ်စွာဘုရားသည် ဗောဓိပင်ခြေ ပလ္လင်ဗွေ၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ဤနည်းတူပင် သင့်အား အောင်မြင်ခြင်းသည် ဖြစ်ပါစေသတည်း။ သင်သည် အောင်အပ်သော မင်္ဂလာ အောင်မြင်ပါစေသတည်း။

၁၆။ ခပ်သိမ်းသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ ဗုဒ္ဓါဘိသေက မင်္ဂလာကို ခံယူတော်မူရာ ဖြစ်၍ မြေအပြင်တွင် အထူးတင့်တယ်လျှက် မြေဦးမြေထိပ်လည်း ဖြစ်သော အပရာဇိတ ပလ္လင်တော်၌ သဗ္ဗညုတဥာဏ်သို့ ရောက်တော်မူသော မြတ်စွာဘုရားသည် ကြည်နူးရွှင်ပျော် ၀မ်းမြောက်တော်ူမူသကဲ့သို့ ဤနည်းအတူသာလျှင် သင်သည် အထွတ်အထိပ်သို့ ရောက်၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပါစေသတည်း။

၁၇။ သင့်အား ကောင်းသော နက္ခတ်သည် ဖြစ်ပါစေသတည်း။ ကောင်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။ ကောင်းသော မိုးသောက်ခြင်းသည် ဖြစ်ပါစေသတည်း။ ကောင်းသော ထကြွခြင်းသည် ဖြစ်ပါစေသတည်း။ ကောင်းသော ခဏအခိုက်သာ ဖြစ်ပါစေသတည်း။ ကောင်းသော အချိန်သည် ဖြစ်ပါစေသတည်း။ မြတ်သော အကျင့်ကို ကျင့်သော သူတော်ကောင်းတို့အား ကောင်းသော ပူဇော်ခြင်းသည် ဖြစ်ပါစေသတည်း။

၁၈။ သင့်အား မြတ်သော ကာယကံသည် ဖြစ်ပါစေသတည်း။ မြတ်သော ၀စီကံသည် ဖြစ်ပါစေသတည်း။ မြတ်သော မနောကံသည် ဖြစ်ပါစေသတည်း။ သင်သည် မြတ်သော ကာယကံ၊ မြတ်သော ၀စီကံ၊ မြတ်သော မနောကံဟူသော ကံသုံးပါး၌ ဆောက်တည်နိုင်ပါစေသတည်း။

၁၉။ အကြင်သူတို့သည် မြတ်သော ကာယကံ၊ မြတ်သော ၀စီကံ၊ မြတ်သော မနောကံကို ပြုလုပ်သောကြောင့် မြတ်သော အကျိုးတို့ကို ရကြကုန်၏။ ထိုသူတို့သည် ကြီးပွားခြင်းသို့ ရောက်ကြပါစေကုန်သတည်း။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းသို့ ရောက်ကြပါစေကုန်သတည်း။ ဗုဒ္ဓမြတ်စွာ သာသနာတော်၌ မဂ်ဥာဏ် ဖိုလ်ဥာဏ် တိုင်အောင် ပြန့်ပွားခြင်းသို့ ရောက်ကြပါစေကုန်သတည်း။ အလုံးစုံသော အဆွေအမျိုးတို့နှင့်တကွ အနာရောဂါ ကင်းရှင်းချမ်းသာ အေးမြခြင်းသို့ ရောက်ကြပါစေကုန်သတည်း။

ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏။

၁၁။ ပုဗ္ဗဏှသုတ်

(ပုတ်ဗန်ဏှ-သုတ်)

၁။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊

(ယံ ဒုန်နိမိတ်တံ အ၀ မင်ဂလင်စ၊)

ယော စာ’ မနာပေါ သကုဏဿ သဒ္ဒေါ။

(ယော စာ မနာပေါ သကုနတ်သ သတ်ဒေါ)

ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊

(ပါပက်ဂဟော ဒုတ်သုပိနံ အ- ကန်တန်၊)

ဗုဒ္ဓါနုဘာဝေန ၀ိနာသ’ မင်တု။

(ဗုတ်ဓာနုဘာဝေန ၀ိနာသ မင်တု။)

၂။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊

(ယံ ဒုန်နိမိတ်တံ အ၀ မင်ဂလင်စ၊)

ယော စာ’ မနာပေါ သကုဏဿ သဒ္ဒေါ။

(ယော စာ မနာပေါ သကုနတ်သ သတ်ဒေါ)

ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊

(ပါပက်ဂဟော ဒုတ်သုပိနံ အ- ကန်တန်၊)

ဓမ္မာ နုဘာဝေန ၀ိနာသ’ မင်တု။

(ဓမ်မာ နုဘာဝေန ၀ိနာသ မင်တု။)

၃။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊

(ယံ ဒုန်နိမိတ်တံ အ၀ မင်ဂလင်စ၊)

ယော စာ’ မနာပေါ သကုဏဿ သဒ္ဒေါ။

(ယော စာ မနာပေါ သကုနတ်သ သတ်ဒေါ)

ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊

(ပါပက်ဂဟော ဒုတ်သုပိနံ အ- ကန်တန်၊)

သံဃာနုဘာဝေန ၀ိနာသ’ မင်တု။

(သံဃာနုဘာဝေန ၀ိနာသ မင်တု။)

၎။ ဒုက္ခပ္ပတ္တာ စ နိဒုက္ခာ၊

(ဒုတ်ခပ်ပတ်တာ စ နိတ်ဒုတ်ခါ၊)

ဘယပ္ပတ္တာ စ နိဗ္ဗယာ။

(ဘယပ်ပတ်တာ စ နိတ်ဘယာ။)

သောကပ္ပတ္တာ စ နိေဿာကာ၊

(သောကပ်ပတ်တာ စ နိတ်သောကာ၊)

ဟောန္တု သဗ္ဗေပိ ပါဏိနော။

(ဟွန်တု သတ်ဗေပိ ပါဏိနော။)

၅။ ဧတ္တာဝတာ စ အမှေဟိ၊

(အစ်တာဝတာ စ အမ်မှေဟိ၊)

သမ္ဘတံ ပုညသမ္ပဒံ။

(သမ္ဘတံ ပုန္ညသမ္ပဒံ။)

သဗ္ဗေ ဒေ၀ါ’ နုမောဒန္တု၊

(သတ်ဗေ ဒေ၀ါနုမောဒန်တု၊)

သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

(သတ်ဗ- သမ်ပတ်တိ သိတ်ဓိယာ။)

၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊

(ဒါနံ ဒဒန်တု သတ်ဓာယ၊)

သီလံ ရက္ခ န္တု သဗ္ဗဒါ။

(သီလံ ရက်ခန်တု သတ်ဗဒါ။)

ဘာဝနာ ဘိရတာ ဟွန်တု၊

(ဘာဝနာ ဘိရတာ ဟွန်တု၊)

ဂစ္ဆ န္တု ဒေ၀တာ’ ဂတာ။

(ဂစ်ဆန်တု ဒေ၀တာ ဂတာ။)

၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊

(သတ်ဗေ ဗုတ်ဓာ ဗလတ်ပတ်တာ၊)

ပစ္စေကာနဉ္စ ယံ ဗလံ။

(ပစ်စေကာနင်စ ယံ ဗလံ။)

အရဟန္တာနဉ္စ တေဇေန၊

(အရဟန်တာနင်စ တေဇေန၊)

ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

(ရက်ခန် ဗန်ဓာမိ သတ်ဗ-သော။)

၈။ ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံဝါ၊

(ယံ ကိန်စိ ၀ိတ်တန် အိဓ ၀ါ ဟုရံဝါ၊)

သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။

(သက်ဂေသု ၀ါ ယံ ရတနံ ပဏီတံ။)

န နော သမံ အတ္တိ တထာဂတေန၊

(န နော သမံ အတ်ထိ တ-ထာဂတေန။)

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။

(အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ။)

ဧတေန သစ္စေန သုဝတ္တိ ဟောတု။

(ဧတေန သစ်စေန သုဝတ်ထိ ဟောတု။)

၉။ ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံဝါ၊

(ယံ ကိန်စိ ၀ိတ်တန် အိဓ ၀ါ ဟုရံဝါ၊)

သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။

(သက်ဂေသု ၀ါ ယံ ရတနံ ပဏီတံ။)

န နော သမံ အတ္တိ တထာဂတေန၊

(န နော သမံ အတ်ထိ တ-ထာဂတေန။)

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။

(အိဒမ်ပိ ဓမ်မေရတနံ ပဏီတံ။)

ဧတေန သစ္စေန သုဝတ္တိ ဟောတု။

(ဧတေန သစ်စေန သုဝတ်ထိ ဟောတု။)

၁၀။ ယံကိဥ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံဝါ၊

(ယံ ကိန်စိ ၀ိတ်တန် အိဓ ၀ါ ဟုရံဝါ၊)

သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။

(သက်ဂေသု ၀ါ ယံ ရတနံ ပဏီတံ။)

န နော သမံ အတ္တိ တထာဂတေန၊

(န နော သမံ အတ်ထိ တ-ထာဂတေန။)

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။

(အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။)

ဧတေန သစ္စေန သုဝတ္တိ ဟောတု။

(ဧတေန သစ်စေန သုဝတ်ထိ ဟောတု။)

၁၁။ ဘ၀တု သဗ္ဗမင်္ဂလံ၊

(ဘ၀တု သတ်ဗ-မင်ဂလံ၊)

ရက္ခ န္တု သဗ္ဗဒေ၀တာ၊

(ရက်ခန်တု သတ်ဗ-ဒေ၀တာ။)

သဗ္ဗဗုဒ္ဓါ နုဘာဝေန၊

(သတ်ဗ-ဗုတ်ဓာနုဘာဝေန)

သဒါ သုခီ ဘ၀ န္တုတေ။

(သဒါ သုခီ ဘ၀န်တုတေ။)

၁၂။ ဘ၀တု သဗ္ဗမင်္ဂလံ၊

(ဘ၀တု သတ်ဗ-မင်ဂလံ၊)

ရက္ခ န္တု သဗ္ဗဒေ၀တာ။

(ရက်ခန်တု သတ်ဗ-ဒေ၀တာ။)

သဗ္ဗဓမ္မာ နုဘာဝေန၊

(သတ်ဗ-ဓမ်မာ နုဘာဝေန)

သဒါ သုခီ ဘ၀ န္တုတေ။

(သဒါ သုခီ ဘ၀န်တုတေ။)

၁၃။ ဘ၀တု သဗ္ဗမင်္ဂလံ၊

(ဘ၀တု သတ်ဗ-မင်ဂလံ၊)

ရက္ခ န္တု သဗ္ဗဒေ၀တာ။

(ရက်ခန်တု သတ်ဗ-ဒေ၀တာ။)

သဗ္ဗသံဃာ နုဘာဝေန၊

(သတ်ဗ-သံဃာ နုဘာဝေန)

သဒါ သုခီ ဘ၀ န္တုတေ။

(သဒါ သုခီ ဘ၀န်တုတေ။)

၁၄။ မဟာကာရုဏိကော နာထော၊

(မဟာကာရုဏိကော နာထော၊)

ဟိတာယ သဗ္ဗပါဏိနံ၊

(ဟိတာယ သတ်ဗ-ပါဏိနံ။)

ပူရေတွာ ပါရမီ သဗ္ဗာ၊

(ပူရစ်တ၀ါ ပါရမီ သတ်ဗာ၊)

ပတ္တော သမ္မောဓိ’ မုတ္တမံ။

(ပတ်တော သမ်ဗောဓိ မုတ်တမံ၊)

ဧတေန သစ္စ၀ဇ္ဇေန၊

(အေတေန သစ်စ-၀စ်စေန၊)

သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

(သွတ်ထိ တေ ဟောတု သတ်ဗဒါ။)

၁၅။ ဇယန္တော ဗောဓိယာ မူလေ၊

(ဇယန်တော ဗောဓိယာ မူလေ၊)

ဧ၀မေ၀ ဇယော ဟောတု၊

(အေ၀-မေ၀ ဇယော ဟောတု၊)

ဇယဿု ဇယမင်္ဂလေ။

(ဇယတ်သု- ဇယမင်ဂလေ။)

၁၆။ အ ပရာဇိတ ပလ္လင်္ကေ၊

(အ-ပရာဇိတ ပန်လင်ကေ၊)

သီသေ ပုထု ၀ိပုက္ခလေ။

(သီသေ ပုထု ၀ိပုတ်ခလေ။)

အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊

(အဘိသေကေ သတ်ဗ-ဗုတ်ဓာနံ၊)

အဂ္ဂပ္ပတ္တော ပမောဒတိ။

(အက်ဂပ်ပတ်တော ပမောဒတိ။)

၁၇။ သုနက္ခတ္တံ သု မင်္ဂလံ၊၊

(သု-နက်ခတ်တံ သုမင်ဂလံ၊)

သုပ္ပဘာတံ သုဟုဋ္ဌိတံ။

(သုပ်ပ-ဘာတံ သုဟုတ်ထိတံ။)

သုခဏော သုမုဟုတ္တော စ၊

(သုခဏော သု-မုဟုတ်တော စ၊)

သုယိဋ္ဌံ ဗြဟ္မစာရိသု။

(သု-ယိတ်ထံ ဗြန်မ-စာရိသု။)

၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊

(ပဒက်ခိဏံ ကာယကမ်မံ၊)

ဝါစာကမ္မံ ပဒက္ခိဏံ။

(၀ါစာ-ကမ်မံ ပဒက်ခိဏံ။)

ပဒက္ခိဏံ မနောကမ္မံ၊

(ပဒက်ခိဏံ မနောကမ်မံ၊)

ပဏီဓိ တေ ပဒက္ခိဏေ။

(ပဏီဓိ တေ ပဒက်ခိဏေ။)

၁၉။ ပဒက္ခိဏာနိ ကတွာန၊

(ပဒက်ခိဏာနိ ကတ်တ၀ါန၊)

လဘန္တ’တ္ထေ ပဒက္ခိဏေ။

(လဘန်တတ်ထေ ပဒက်ခိဏေ။)

တေ အတ္ထလဒ္ဓါ သုခိတာ၊

(တေ အတ်ထ-လတ်ဓာ သုခိတာ၊)

ဝိရုဠာ ဗုဒ္ဓသာသနေ။

(၀ိရုန်လှာ ဗုဒ္ဓသာသနေ။)

အရောဂါ သုခိတာ ဟောထ၊

(အ-ရောဂါ သုခိတာ ဟောထ၊)

သဟ သဗ္ဗေဟိ ဥာတိဘိ။

(သဟ သဗ္ဗေဟိ ဥာတိဘိ။)

ပုဗ္ဗဏှသုတ်တံ နိဋ္ဌိတံ။

(ပုတ်ဗန်ဏှ -သုတ်တံ နိတ်ထိတံ။)

Read More...

Saturday, November 1, 2008

မိုးကုတ်ဆရာတော် အလုပ်ပေး တရားတော်

၁၃၁၈-ခု၊ တော်သလင်းလဆန်း (၁၃)ရက်

တရားနာ ပရိသတ်များအား ဟောကြားသော အလုပ်ပေး တရားတော်


တကာတကာမတွေ ဒီနေ့တော့ လူသစ်တွေလာပြီး တရားနာကြ၊ တရားအားထုတ်ကြလို့ ၀ိပဿနာ လက်တွေ့လုပ်နည်းကို စပြီး ဟောရလိမ့်မယ်။


ဝိပဿနာ အလုပ် စမယ်ဆိုရင် မိမိစိတ်ကို အဓိပတိ သုံးပါးကို အားထားရမယ်။


(၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါဟာ စားစရာမရှိလို့ တရားအားထုတ်နေတာ မဟုတ်ဘူး။ နေထိုင်စရာမရှိလို့ တရားအားထုတ်နေတာ မဟုတ်ဘူး။ ဆေးဝါးကုစရာ မရှိလို့လဲ မဟုတ်ဘူး။ အိုဘေး၊ နာဘေး၊ သေဘေး၊ မွဲ ကွဲ ဘေး တည်းဟူသော သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်အောက်လို့ တရားအားထုတ်ခြင်းဖြစ်တယ်။ အဲဒါ အတ္တာဓိပတိ လို့ ခေါ်တာပဲ။


၂။ လောကကြီးကိုလဲ အဓိပတိထားပြီး တရားအားထုတ်ရမယ်။ ငါသည် တရား အားထုတ်တယ်လို့ အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တရားတွေ ဖုံးလွှမ်းပြီး အရောင်းအ၀ယ် ကိစ္စတွေ စဉ်းစားတွေးတောပြီး မနေနဲ့။ ထိန မိဒ္ဓ ဖြစ်လဲ မနေနဲ့။ ပျင်းလဲ မနေနဲ့။ အိပ်လဲ ပျော်မနေနဲ့။ စိတ်ကလဲ လေလွင့်မနေနဲ့။ မလျောက်ပတ်တဲ့ အပြု အလုပ်မျိုး လုပ်နေရင် ကိုယ်စောင့်နတ်ကလဲ သိတယ်။ တခြား သမ္မာဒေ၀ နတ်ကောင်းနတ်မြတ် များကလဲ သိတယ်။ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်များကလဲ သိကြတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး လောကကို အဓိပတိထားပြီး အားထုတ်ရမယ်။


၃။ တရားတော်ကို အဓိပတိထားပြီး တရားအားထုတ်ရမယ်။ တရားတော်ကို ရိုသေလေးစားပြီး ၀ိပဿနာ ဥာဏ်နှင့် မမြင် မြင်အောင် ကြည့်ရမယ်။ တရားမမြင်တာဟာ တရားမပေါက်ရောက်တာဟာ တရားကမရှိလို့ မဟုတ်ဘူး၊ ငါက တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကို ဓမ္မာဓိပတိလို့ ခေါ်တယ်။)


တရားထိုင်တဲ့အခါမယ် ဆိတ်ငြိမ်တဲ့နေရာမှာ ထိုင်ပါ။ ဆိတ်ငြိမ်ပြီး အနှောင့်အယှက် မဖြစ်တဲ့ နေရာဟာ တောပါပဲ။


ဘုရားကို ရှိခိုးကန်တော့၊ မိမိခန္ဓာကိုယ်ကို တရားမထိုင်မီ ဘုရားကိုလှူထားပါ။

ပြီးတော့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များကို အမျှဝေပါ။

(တရားအားမထုတ်မီ ပြုလုပ်ရမည့် ကိစ္စငါးပါးကို တရားအားမထုတ်မီ ရှေးဦးစွာ ပြုလုပ်ရမည့် ကိစ္စများ

တွင် တင်ပြထားပြီး ဖြစ်ပါသည်။)


ခန္ဓာကိုယ်ကို အချိန်ကြာကြာ တရားအားထုတ်နိုင်အောင် တည့်တည့်မတ်မတ် ထိုင်ပါ။

ဘယ်ဘက်မှ မစောင်းပါနှင့်။ ရှေ့ကိုလဲ မငိုက်ပါစေနှင့်။ ကိုယ်ကို ဖိညှစ် မထိုင်ဘဲ ခပ်လျှော့လျှော့ ထိုင်ပါ။ တောင့်မထားပါနှင့်။


ထွက်သက် ၀င်သက် အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိ ရအောင်လုပ်ပါ။

ဝင်လေလဲသိ၊ ထွက်လေလဲသိပြီး ငါ စွဲ မစွဲ စေနဲ့။


အဲဒီလို သတိကို လက်မလွတ်စေဘဲ ထွက်လေ ၀င်လေကို သိသိနေတာ ကြာရင် သမာဓိလဲ အားကောင်းလာမယ်။


အဲဒီ သမာဓိ အားကောင်းလာတဲ့အချိန် ၀ီရိယကို အလျှော့ မပေးဘဲ သတိနှင့် ပညာကို ကပ်ပြီးလိုက်ပါ။


တရားထိုင်ရတာ ကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာမယ်။ တောင့်လာတာ၊ ညောင်းလာကို ဥာဏ်က သိလာတယ်။

ညောင်းတာရယ်၊ ညောင်းမှန်းသိတာရယ် အဲဒီနှစ်ခုတို့ကို ဖြစ်ပြီးပျက် သွားတာပဲလို့ သိလိုက်ပါ။


အဲဒီလို သိလိုက်တဲ့စိတ် တစ်ချက်မှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့စိတ် မရှိတော့ပြီ၊ ချုပ်ပျောက်သွားကုန်ပြီလို့ နောက်ဥာဏ်က သိလိုက်ပါ။


ညောင်းတာ တောင့်တာကို ပြုပြင်ပြီး မပေးသမျှ ညောင်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီး ပျက်နေအုံးမှာမို့ ဒူးကလေး ခြေကလေး ဆန့်ချင်တဲ့စိတ်၊ ပြောင်းချင်ရွှေ့ချင်တဲ့စိတ် ပေါ်လာလိမ့်မယ်။


အဲဒီအခါမှာ မိမိတို့ ဥာဏ်က ”ဆန့်ချင်ကွေးချင် ပြန်သတဲ့၊ ပြောင်းချင်ရွှေ့ချင် ပြန်သတဲ့” လို့ သိလိုက်ပါ။


သိလိုက်တဲ့ တစ်ချက်ထဲမှာ ထိုဆန့်ချင် ကွေးချင် ပြောင်းချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ။


အဲဒီလို သိနေတုန်း ကြားဖြတ်ပြီး အသံ တစ်ခု ကြားလိုက်က ကြားပြန်ပြီလို့ သိပါ။ အဲဒီလို ခန္ဓာငါးပါးမှာ တစ်ခုခု ပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး၊ ဖြစ်ပြီး ပျက်သွား၊ ပျောက်သွားပါကလား လို့ သိရမယ်။


အဲဒီလို အသိတရားတွေ ကျဲနေရာက စိပ်သည်ထက် စိပ်ပြီး လာတာတွေကို ဥာဏ်နဲ့မှတ်၊ တဖြည်းဖြည်း ရုပ်နာမ် တရားတွေ တစ်ခုပြီး တစ်ခု ဖြစ်ပြီး ပျက်သွားတာကို သတိနှင့် စိုက်ကြည့်က တွေ့လိမ့်မယ်။


အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ပါဠိလို ရွတ်မနေနှင့်တော့။


ဖြစ်ပြီး ပျက်သွားပါကလားလို့ တစ်ခုတည်းကိုသာ သတိနဲ့ စိုင်ပြီး ကြည့်နေရင် ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့ သဘောကိုသာ ပိုထင်မြင်လာလိမ့်မယ်။


ဒီလို မိမိတို့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာက မိမိရဲ့ ခန္ဓာကိုယ်ကို ရွံမုန်းလာတော့တာပဲ။

အဲဒီအခါမှာ မိမိတို့ ခန္ဓာကိုယ်ကို စွန့်လွှတ်ချင်တဲ့စိတ် ဖြစ်လာမယ်။


ခန္ဓာကိုယ်ရှိရင် ဤလို ဖြစ်ပျက် ဒုက္ခနှင့် မကင်းနိုင်ဘဲ အိုနာသေ ဆိုတဲ့ ဒုက္ခသစ္စာနှင့် တွေ့ကြရအုံးမှာမို့ ကြောက်ရွံ.ပြီး မိမိခန္ဓာကိုယ်ကိုပဲ ရွံမုန်းလာမယ်။


ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ၊ ဒေါသ၊ မောဟ ၃ပါးစလုံး တဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံး လွင့်ပျောက် ခန်းခြောက်သွားအောင် ဖြစ်ပျက် ဆုံးအောင် ပွားများ အားထုတ်ဖန်များက ယခု ဘ၀မှာပင် မဂ်ဖိုလ်ကို ရနိုင်တယ်။


ဦးကျော်သိန်း ရေးသားသော ”မိုးကုတ်ဆရာတော် ဘုရားကြီး၏ ထေရုပတ္တိနှင့် ကျင့်စဉ်” စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

Read More...

Monday, October 27, 2008

တရားအားမထုတ်မီ ရှေးဦးစွာ ပြုလုပ်ရမည့် ကိစ္စများ

နေရာရွေးချယ်မှု

စတင်အားထုတ်မည့် ယောဂီများအတွက်သာ ရည်ရွယ်ပါသည်။ ရင့်ကျက်သော ယောဂီများအတွက် ကိစ္စများ လုပ်ကိုင်ဆောင်ရွက်ရင်း ပွားများအားထုတ်နိုင်ပါသည်။ ဘုရား၊ ဘုန်းကြီးကျောင်း၊ တန်ဆောင်း၊ ဓမ္မာရုံ၊ ကန်၊ ရိပ်သာ၊ သစ်တစ်ပင်ရိပ်၊ ၀ါးတစ်ပင်အောက်၊ အိမ်ဘုရားခန်း သမာဓိရနိုင်သည့် ငြိမ်သက်အေးချမ်းသော နေရာမျိုးကို ဆိုလိုပါသည်။

(ကျွန်မတို့လို ကျောင်းသူများကတော့ ကိုယ့်အခန်းပဲ နေစရာရှိပါသည်။ ထို့ကြောင့် ကျွန်မကတော့ အချိန်ကိုပဲ ရွေးချယ်ရပါသည်။ တိတ်ဆိတ်သော အချိန်များဖြစ်သည့် နံနက်ခင်း အခြားသူများ အိပ်ရာမနိုးခင် (သို့မဟုတ်) ညပိုင်း လူအများ အိပ်သွားသောအချိန် တို့တွင် တရားအားထုတ်နိုင်ပါသည်။ ကျွန်မကတော့ နံနက်ပိုင်းတွင် အိပ်ငိုက်တတ်သောကြောင့် ညပိုင်း အခြားအခန်းများ အိပ်ရာဝင်သောအချိန်သည် အကောင်းဆုံး ဖြစ်ပါသည်။)

အလုပ်အမှုကိစ္စ မများဖို့ လိုအပ်ပါသည်။

အားထုတ်မှု အာစိဏ္ဏကံ ရရှိနိုင်သော နေရာမျိုး ဖြစ်သင့်ပါသည်။


မြတ်စွာဘုရားအား ကန်တော့ရန်


သြကာသ သြကာသ သြကာသ… ကာယကံ၊ ၀စီကံ၊ မနောကံ… သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါးနှင့် မိဘဆရာသမား တို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။


တရားအားမထုတ်မီ ဆောင်ရွက်ရန် ပုဗ္ဗကိစ္စ ခေါ် ပရိကံ (၅) ချက်


၁။ ခန္ဓာလှူရန်

ဤခန္ဓာကိုယ် အတ္တဘောကြီးကို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လှူဒါန်းပါ၏အရှင်ဘုရား။ ဤခန္ဓာကိုယ် အတ္တဘောကြီးကို ပဋ္ဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ မပြတ်လည်ရာ သံသရာ သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားကောင်းတို့ဖြင့် မဂ်ဆိုက်၊ ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် သွန်သင်ဆုံးမပေးတော်မူသော ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးအား လှူဒါန်းပါ၏ အရှင်ဘုရား။


၂။ ၀န်ချတောင်းပန်ရန်

တပည့်တော်သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် မိဘ၊ ဆရာသမား၊ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှာ တောင်းပန်ဝန်ချကန်တော့ပါ၏။ (ရှိခိုးတောင်းပန် ကန်တော့ရပါမည်။)


၃။ မေတ္တာပို့ရန်

ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို.စောင့်နတ်၊ သာသနာစောင့်နတ်များနှင့်တကွ ရှိရှိသမျှ သက်ရှိသတ္တ၀ါ တို့အား အသက်ထက်ဆုံး ဘေးမသီရန်မခ၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေလို့ မေတ္တာပို့ရမှာ ဖြစ်ပါသည်။


၎။ အဓိဋ္ဌာန်ပြုရန်

ရှေးရှေးဘ၀ ယခုဘ၀ ပြုပြုသမျှ တပည့်တော်၏ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့သည် တပည့်တော် အလိုရှိ တောင့်တအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း၊ ရောက်ခြင်းငှာ လျှင်မြန်စွာ ကျေးဇူးပြုပါစေဟု အဓိဋ္ဌာန် ပြုရမည် ဖြစ်ပါသည်။


၅။ မရဏံနုဿတိ ပွားများရန်

ငါသည် ဘ၀များစွာက ခန္ဓာပျက်ကြွေ သေခဲ့ရသည့် ဘ၀တွေ များလှပေပြီ၊ (ငါသည် မုချသေရမည်… အချိန်ပိုင်းသာ လိုတော့သည်… ယခုဘ၀ အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားအားထုတ်ပါမည် အရှင်ဘုရား) ဟု အားထုတ်မှု အရှိန်ပြင်းထန်လာအောင် မိမိကိုယ်ကို တိုက်တွန်းရပါမည်။


ကိုးကားချက်

၁။ ဦးမြင့်ဆွေ၊ ”မိုးကုတ်ယောဂီလက်စွဲ အမှတ်(၂)”

၂။ ဦးကျော်သိန်း၊ ”မိုးကုတ်ဆရာတော်ဘုရားကြီး ၏ ထေရုပတ္တိနှင့်ကျင့်စဉ်”

တို့မှ ကောက်နှုတ် တင်ပြပါသည်။

Read More...

Friday, October 17, 2008

ပဋ္ဌာန်း ၂၄- ပစ္စည်း ဆုတောင်း

၁။ ဟေတု ပစ္စယော
အကုသိုလ် ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏ ပစ္စယော
မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။

၃။ အဓိပတိ ပစ္စယော
ရုပ် နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား။

၎။ အနန္တရ ပစ္စယော
များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။

၅။ သမနန္တရ ပစ္စယော
ရုပ်နှင့်နာမ် အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။

၆။ သဟဇာတ ပစ္စယော
ရုပ် ရုပ်ခြင်း၊ နာမ် နာမ်ခြင်း ထင်ရှားစွာသိရပါစေသား။

၇။ အညမည ပစ္စယော
ရုပ်မှနာမ်သို့ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။

၈။ နိဿယ ပစ္စယော
ရုပ်နာမ်နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား။

၉။ ဥပနိဿယ ပစ္စယော
ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတ ပစ္စယော
ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

၁၁။ ပစ္ဆာဇာတ ပစ္စယော
နောက်၌ဖြစ်သော အကုသိုလ်ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

၁၂။ အာသေ၀န ပစ္စယော
လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

၁၃။ ကမ္မ ပစ္စယော
ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။

၁၄။ ၀ိပါက ပစ္စယော
ဝဋ္ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

၁၅။ အာဟာရ ပစ္စယော
လိုရာကိုပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား။

၁၆။ ဣန္ဒြိယ ပစ္စယော
ရုပ်နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

၁၇။ ဈာန ပစ္စယော
သူတော်ကောင်းတရား(၇)ပါးနှင့် ဥာဏ်စဉ်(၅)ပါးတို့နှင့် ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂ ပစ္စယော
ဘာဝနာ(၂)ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။

၁၉။ သမ္ပယုတ္တ ပစ္စယော
သူတော်ကောင်းတို့နှင့် ပေါင်း၍ (၇)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

၂၀။ ၀ိပ္ပယုတ္တ ပစ္စယော
သူယုတ်မာနှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။

၂၁။ အတ္ထိ ပစ္စယော
သမုတိနယ်၏ အသိကို ဟုတ်မှန်စွာ သိရပါစေသား။

၂၂။ နတ္ထိ ပစ္စယော
ပရမတ္ထမရှိ တရား၏အသိကို မျက်မှောက်ပြုရပါစေသား။

၂၃။ ၀ိဂတ ပစ္စယော
ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အ၀ိဂတ ပစ္စယော
ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

(ပဋ္ဌာန်း ၂၄- ပစ္စည်း ဆုတောင်း ပြီး၏။)


(“မဏိဇောတ“ စုဆောင်းပူဇော်သော ”ပရိတ်ကြီး ၁၁-သုတ်၊ မဟာပဋ္ဌာန်း ဒေသနာတော် နှင့် ဓမ္မစကြာပါဋ္ဌိတော် အသံထွက်ရွတ်ဖတ်နည်း” စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Read More...

Thursday, September 25, 2008

ဘုရားအနေကဇာတင်

ဘုရားအနေကဇာတင်


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


အနေကဇာတင် ဂါထာ


(က) အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိဿံ။

(အနေကဇာတိ သံသာရံ၊ သန်ဓာဝိတ်သံ အနိတ်ဗိသံ)

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ။

(ဂဟကာရံ ဂဝေသန်တော၊ ဒုတ်ခါ ဇာတိ ပုနပ်ပုနံ။)


(ခ) ဂဟကာရက ဒိဋ္ဌော သိ၊ နပုဂေဟံ န ကာဟသိ

(ဂဟကာရက ဒိတ်ထောသိ၊ နပုဂေဟံ န ကာဟသိ။)

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။

(သတ်ဗာတေ ဖာသုကာ ဘက်ဂါ၊ ဂဟကူတံ ၀ိသင်ခတံ။)

ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။

(၀ိသင်ခါရ ဂတံ စိတ်တံ၊ တန်နှာနံ ခယ မဇ်ဇဂါ။)


ပဋိစ္စသမုပ္ပါဒ် အနုလောမ


အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဋ္ဌာ ယတနံ၊ သဋ္ဌာ ယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ပါယာသာ၊ သမ္ဘ၀န္တိ ဧ၀ မေတဿ ကေ၀လဿ၊ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။


ပဋိစ္စသမုပ္ပါဒ် ပဋိလောမ


အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ၀ိညာဏနိရောဓော၊ ၀ိညာဏနိရောဓာ နာမရူပ နိရောဓော၊ နာမရူပ နိရောဓာ သဋ္ဌာယတန နိရောဓော၊ သဋ္ဌာယတန နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊ တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘ၀နိရောဓော၊ ဘ၀နိရောဓာ ဇာတိနိရောဓော၊ ဇာတနိရောဓာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေ တဿ ကေ၀လဿ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။


ဥဒါန်းဂါထာ


(က) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

(ယဒါ ဟဝေ ပါတု ဘ၀န်တိ ဓမ်မာ)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

(အထတ်သ ကင်ခါ ၀ပယန်တိ သတ်ဗာ၊)

ယတော ပဇာနာတိ သဟေတု ဓမ္မာ။

(ယတော ပဇာနာတိ သဟေတု ဓမ်မာ။)


(ခ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

(ယဒါ ဟဝေ ပါတု ဘ၀န်တိ ဓမ်မာ)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

(အထတ်သ ကင်ခါ ၀ပယန်တိ သတ်ဗာ၊)

ယတော ခယံ ပစ္စယာနံ အဝေဒိ။

(ယတော ခယံ ပစ်စယာနံ အဝေဒိ။)


(ဂ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

(ယဒါ ဟဝေ ပါတု ဘ၀န်တိ ဓမ်မာ)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊

(၀ိဓူပယံ တိတ်ဋ္ဌသိ မာရသေနံ၊)

သူရိယောဝ သြဘာသ မန္တိလိက္ခံ။

(သူရိယောဝ အောဘာသယ မန်တိလိတ်ခံ။)


ပဋ္ဌာန ပစ္စယုဒ္ဒေသ


ဟေတုပစ္စယော၊ အာရမ္မဏ ပစ္စယော၊ အဓိပတိ ပစ္စယော၊ အနန္တရ ပစ္စယော၊ သမနန္တရ ပစ္စယော၊ သဟဇာတ ပစ္စယော၊ အညမည ပစ္စယော၊ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယော၊ ပုရေဇာတ ပစ္စယော၊ ပစ္ဆဇာတ ပစ္စယော၊ အာသေ၀န ပစ္စယော၊ ကမ္မ ပစ္စယော၊ ၀ိပါက ပစ္စယော၊ အာဟာရ ပစ္စယော၊ ဣန္ဒြိယ ပစ္စယော၊ ဈာန ပစ္စယော၊ မဂ္ဂ ပစ္စယော၊ သမ္ပယုတ္တ ပစ္စယော၊ ၀ိပ္ပယုတ္တ ပစ္စယော၊ အတ္ထိ ပစ္စယော၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယောတိ။


ဘုရားဂုဏ်တော် ၉-ပါး


ဣတိပိသော ဘဂ၀ါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာ စရဏ သမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသ ဓမ္မသာရထိ၊ သတ္ထာ ဒေ၀ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂ၀ါ။


အဘိသေက ဂါထာ


(က) ဇယန္တော ဗောဓိယာ မူလေ၊

(ဇယန်တော ဗောဓိယာ မူလေ၊)

သကျာနံ နန္ဒိဝဍ္ဎနော။

(သက်ကျာနံ နန်ဒိဝတ်ဒနော၊)

ဧ၀ မေ၀ ဇယော ဟောတု၊

(အေ၀ မေ၀ ဇယော ဟောတု၊)

ဇယဿု ဇယမင်္ဂလေ။

(ဇယတ်သု ဇယမင်္ဂလေ။)


(ခ) အပရာဇိတ ပလ္လင်္ကေ၊

(အပရာဇိတ ပန်လင်ကေ၊)

သီသေ ပုထု ၀ိပုက္ခလေ၊

(သီသေ ပုထု ၀ိပုတ်ခလေ၊)

အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊

(အဘိသေကေ သတ်ဗဗုတ်ဒါနံ၊)

အဂ္ဂပ္ပတ္တော ပမောဒတိ။

(အက်ဂပ်ပတ်တော ပမောဒတိ။)




ဘုရားအနေကဇာတင် ပြီး၏။

Read More...

Monday, April 28, 2008

Wednesday, April 23, 2008

တရားအမေးအဖြေ(၂)

တရား အမေး အဖြေ

မေး။ ။ သမ္မုတိသစ္စာအလိုအားဖြင့် သံသရာကို ဘယ်နှစ်ပိုင်း ခွဲခြားပါသလဲ။

ဖြေ။ ။ သမ္မုတိသစ္စာ သံသရာကို သုံးပိုင်း ခွဲခြားထားပါတယ်။

မေး။ ။ သံသရာခွဲပုံလေး ပြောပြစမ်းပါ။

ဖြေ။ ။ (၁) အောက်သံသရာ (၂) အလယ်သံသရာ (၃) အထက်သံသရာ ဟူ၍ ခွဲခြားထားပါတယ်။

မေး။ ။ သမ္မုတိသစ္စာ သံသရာ သုံးမျိုး ခွဲခြားထားပုံကို ပြပေးပါ။

ဖြေ။ ။ သမ္မုတိသစ္စာ သံသရာကို (၃)ပိုင်း ခွဲခြားထားပုံကတော့

(၁) ငရဲ တိရ စ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ် ၄ ဘုံ ဆိုတဲ့ အောက်သံသရာ

(၂) လူ့ပြည် နှင့် နတ်ပြည် ခြောက်ထပ် (ကာမ သုဂတိ ၇ ဘုံ) ဆိုတဲ့ အလယ်သံသရာ

(၃) ရူပ ၁၆ ဘုံ၊ အရူပ ၄ ဘုံ၊ ဗြဟ္မာ ၂၀ ဆိုတဲ့ အထက် သံသရာ

မှတ်ချက်။ ။ ဗြဟ္မာ ၂၀ ထဲမှာ အရိယာတွေသာနေတဲ့ သုဒ္ဓါသါသ ငါးဘုံသည် သံသရာမလည်တော့ချေ။

မေး။ ။ အရိယာတွေနေတဲ့ သုဒ္ဓါဝါသ ငါးဘုံကို ရေတွက်ပြပါ။

ဖြေ။ ။ သုဒ္ဓါဝါသ ၁၅ဘုံဆိုတာ အ၀ိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌာ ဟူ၍ ဖြစ်ကြပါတယ်။

မေး။ ။ အောက်သံသရာမှ ဘယ်နည်းဖြင့် ထွက်ကြရပါမလဲ။

ဖြေ။ ။ အောက်သံသရာမှ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်တို့ဖြင့် ထွက်ကြရပါမယ်။

မေး။ ။ အလယ်သံသရာမှ ဘယ်နည်းဖြင့် ထွက်ကြရမလဲ။

ဖြေ။ ။ အနာပါမိမဂ်ဖြင့် ထွက်ကြရပါမယ်။

မေး။ ။ အထက်သံသရာမှ ဘယ်နည်းဖြင့် ထွက်ကြရမလဲ။

ဖြေ။ ။ အထက်သံသရာမှ အရဟတ္တမဂ် ခရီးဖြင့် ထွက်ကြရပါမယ်။

Read More...