Wednesday, November 6, 2013

ပိဋကတ်သုံးပုံပါဠိတော်(မြန်မာပြန်) သင်တန်း

Type ပိဋကတ်သုံးပုံ ပါဠိတော် မြန်မာပြန် ဓမ္မဒါန သင်တန်းဖွင့်မည်

မန္တလေး ၊ ၂၁-၁ဝ-၂ဝ၁၃

မန္တလေးမြို့ ၊ တောင်စလင်း တိုက်သစ် ၊ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တတိက္ခ (အဂ္ဂ မဟာ ပဏ္ဍိတ) နှင့် တိုက်အုပ် ဆရာတော် ဘဒ္ဒန္တ နေမိန္ဒ (အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ) တို့ ကြီးမှူး၍ '' အောင်မင်္ဂလာ ဓမ္မ သိပ္ပါလ '' လူပုဂ္ဂိုလ်များ ဆိုင်ရာ ဗုဒ္ဓစာပေ သင်တန်းကျောင်း မှ ကြီးမှူးကာ ပိဋကတ်သုံးပုံ ပါဠိတော် မြန်မာပြန် သင်တန်းကို နိုဝင်ဘာ ၂ ရက်မှ စ၍ အပတ်စဉ် ( စနေ ...၊ တနင်္ဂနွေ ) နေ့တိုင်းတွင် မွန်းလွဲ ၁ နာရီမှ ၂ နာရီ အထိ ၆၂လမ်း ၊ ၃၂ လမ်းထောင့် ရှိ တောင်စလင်း တိုက်သစ် အတွင်း၌ ဓမ္မဒါန ဖွင့်လှစ် ပို့ချမည် ဖြစ်ရာ ၂ဝ၁၄ခုနှစ်၊ မေလတွင် ကျင်းပမည့် ပိဋကတ်သုံးပုံ ပါဠိတော် မြန်မာပြန် စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုလိုသည့် စိတ်ပါ ဝင်စားသူ ရဟန်း ၊ သီလရှင် ၊ လူပုဂ္ဂိုလ်များ မည်သူမဆို တက်ရောက် သင်ယူ နိုင်သည်။

သင်တန်းတွင် ဒေါက်တာ အရှင်အာဒိစ္စ (သာသနဓဇ ဓမ္မာစရိယ) မှ ဒီဃနီကာယ် ဝင် (၃)ကျမ်း ၊ သီလက္ခန္ဓဝဂ် မြန်မာပြန် ၊ မဟာဝဂ် မြန်မာပြန် ၊ ပါထိကဝဂ် မြန်မာပြန်များ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၂- ၃၄၃၁၈ ၊ ဝ၉- ၂ဝဝ၇ ၅၃၈ ၊ ဝ၉-၂ဝဝ၅ ၆၉၇ ၊ ဝ၉- ၂၅၆ဝ ၂၈၃၃၇ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

Read More...