Thursday, January 8, 2015

(၂၀၁၄) နှစ်အကုန်မှာ နားလည်သလောက်ရေးတဲ့စာ



ပျော်ရွှင်မှုတွေရှိတဲ့ သူတွေကိုမြင်တွေ့ကြားသိရခြင်းကလည်း မင်္ဂလာတပါး အတိတ်ကုသိုလ်ကံတစ်ပါးပါပဲ....အဲဒီအပေါ်အယူမှားအသိမှား အမြင်မှားခဲ့ရင် အနာဂတ်အတွက် အကုသိုလ်ကံတစ်ခုကို ဖန်တီးလိုက်တာပါပဲ
(အတိတ်အကြောင်း ပစ္စုပ္ပန်အကျိုး ပစ္စုပ္ပန်အကြောင်းအနာဂတ်အကျိုး)





မြင်၊တွေ့၊ နံ၊စား၊ထိ၊ သိ အရာတွေက အတိတ်အကြောင်းကံရဲ့ အကျိုးတရားများသာ ဒီအရာတွေအပေါ် ထားလိုက်တဲ့ အယူအသိ တွေဟာ အနာဂတ် အကျိုးတရားအတွက် အကြောင်းတရားများသာ။ ထပ်ခါထပ်ခါ ခံစားလိုစိတ်ယှဉ်တွဲလိုက်ပါတဲ့ စိတ်ချမ်းသာမှုနဲ့ယူမလား၊ ဆင်းရဲစိတ်နဲ့ ယူမလား၊ အာရုံတွေအပေါ်လက်လွှတ်မလား ရွေးချယ်ခွင့်ကတော့ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ အတိတ်တရားဟာ မြင်ပြီး တွေ့ပြီး နံပြီး စားပြီး ထိပြီး သိပြီး တခဏမှာပဲကွယ်ပါတယ်။ မြင်တွေ့နံစားထိသိမှာ လူ ပုဂ္ဂိုလ် သတ္တ၀ါ  ရယ်လို့ မရှိပါဘူး ဒါဟာ Signal တစ်စု မျှသာဖြစ်ပါတယ်။ အဆက်မပြတ်စီးဝင်နေတဲ့ ဒီ Signal တွေကို အဆက်မပြတ်ဘူးတခုထဲသာဖြစ်တယ်လို့ မှတ်သိနေကြတာများပါတယ်။ Signal တစ်ခု ဖြစ်လာ ၀င်လာပြီး ပျောက်သွားပျက်သွား တာကို သတိစိုက်မိဖို့ မလွယ်ကူပါဘူး။

အင်းစိန်ကနေဆူးလေထိ စီးလာတဲ့ကားလိုင်းတလျှောက် နာမည်မတပ်တပ်ရင်ဖြတ်လာမှန်းတော့သိမယ် ဘယ်မှတ်တိုင်တွေမှန်းလည်းသိမှာမဟုတ်ပါဘူး။ အင်းစိန်ပြီး ဆူးလေဆိုတာပဲသိမှာပါ။ ဒေါသစိတ်စမယ် နောက်ဒေါသစိတ်ပြေသွားတယ်ဆိုတာပဲသိမှာပါ..။ ဒေါသစိတ်တစ်စိတ်ဖြစ်ပေါ်လာဖို့ ကြားထဲမှာဖြစ်ပေါ်နေတဲ့ စိတ်အစဉ်တန်းတွေ ရှိနေပါအုံးမယ်။ မနာလိုစိတ် သ၀န်တိုစိတ်ဖြစ်လာဖို့လည်း အဲဒီလိုစိတ်အစဉ်တန်းတွေ ရှိနေမှာပါ..။ အင်းစိန်နဲ့ ဆူးလေကြားက မှတ်တိုင်တွေလိုပေါ့။ သတိထားပြီး နားမထောင်ရင် ကားဆရာရဲ့ သတိပေးသံကို ကြားရမှာမဟုတ်ပါဘူး။
မြင်တွေ့နံစားထိသိတွေဟာ Signal တွေသာဖြစ်တယ်ဆိုတာကို ပြောယုံလောက်နဲ့ ဒီစာရေးသူကို ဘာသာရေးလိုက်စားသူ တရားသမားတယောက်လို့ မမြင်စေချင်ဘူး..ဘယ်ဘာသာဝင်မှန်းမသိတဲ့ MATRIX ဇာတ်ကားဝတုရေးတဲ့သူ အနောက်တိုင်းသား ၀တုရေးဆရာ ဇာတ်ညွှန်းရေးဆရာတွေတောင်သိကြပါတယ်…။ ဇာတ်ဝင်ခန်းတခုမှာ အဲဒီစကားတစ်ခွန်းကို ပြောတာ တွေ့ဖူးမှာပါ။ အပြောမှာလွယ်ပေမယ့် နေ့စဉ် မြင်တွေ့နံစားထိသိတွေမှာ ဒီလိုအသိဝင်နေဖို့ခက်ပါတယ်။ မဂင် ရှစ်ပါးရဲ့  ဦးဆောင်သူ သမာဒိဌိဟာ ဘယ်ဟာကို ဘယ်လို အမှန်မြင်ရမလဲ လမ်းပြပုံရပါတယ်။ သမာသင်္ကာပ အကွက်ကျကျ အချက်ကျကျ တွေးတောဆင်ခြင်ဖို့လည်း လိုပါအုံးမယ်။ သမာအာဇီဝ မှန်ကန်တဲ့ နေထိုင် ရှာဖွေစားသောက်မှုလည်း ရှိသေးတယ်။သမာဒိဌိဆိုတာ ဘာလဲသိဖို့ ဖွင့်ဆိုထားတာတွေ အများကြီးရှိပါတယ်…။ စိတ်ရဲ့ ဖြစ်စဉ်တွေသို့မဟုတ် ဘ၀ကမဖြစ်စဉ်တွေကို ရှင်းတဲ့ စက်ဝိုင်းဒေသနာ။ ဥပါဒါနကာ၊ ဆိုတာဘာလဲရှင်းပြတဲ့ အကျဉ်းချုပ် အဘိဓမာ။ ရုပ် ၂၈ မျိုးအကြောင်းစိတ်အစဉ်တန်း ၀ီထိစဉ်တွေအကြောင်း စေတသိက်တွေအကြောင်းသိဖို့လိုချင်လိုအုံးမှာပါ။
 မဂင်ရှစ်ပါး အကျင့်တရားအပြင် ခနာဟာ ပထ၀ီ အမာအုပ်စု၊ တေဇော အပူအုပ်စု၊ အာပေါ အဖွဲ့ အနှောင် အုပ်စု၊ ၀ါယော စီးစေ လှုပ်ရှားစေတတ်တဲ့အုပ်စုလို့ နားလည်ထားရပါအုံးမယ်..အချိန်တိုင်း အသိတိုင်းမှာပါ။ ခနာကိုယ် သကာယကို ကပ်ငြိ တွယ်ကပ်မှု့ နည်းပါးလာရာကနေ လုံးဝမရှိတော့ရင် သကာယ ဒိဌိပြုတ်တာပါပဲ။ သကာယဒိဌိပြုတ်တာကနေ သတိတရားမြဲမြံခဲ့လို့ အတိတ်အာရုံလက်လွှတ် အနာဂတ်အတွေးအကြံကင်းခဲ့ရင် ဥဒေစနဲ့ သတ ဒိဌိပါ ကွာတော့တာပါပဲ။ ဒါဟာ သောတပန်နားနီးပြီး စူဠသောတပန်အဆင့်ရောက်ပြီဆိုရမယ်ထင်ပါတယ်။ ဒီအသိတရားအကျင့်တရားတွေ ကိုယ်နဲ့မကွာအချိန်ပြည့်ရှိပြီဆိုရင် သောတပန်အဆင့် ဆိုပုံရပါတယ်။
ဆက်လက်ပြီး နိဝရဏ ငါးပါးထဲက ပထမဦးဆုံးနှစ်ခု ကာမစဆန နဲ့ ဗျာပါဒ ဆန ဟာ သကဒါဂါမ် အဆင့်မှာတောင် မလွတ်သေးဘူးဆိုပါတယ်။ ကဗျာလွတ်ရင်တော့ အနာဂါမ်ပေါ့။ နိဝရဏ ငါးပါးလုံးလွတ်လို့ ဒိဌိ ၀ိစိကိစာပါ နောက်ဆုံး အကုန်လွတ်ရင်တော့ အာသဝေါတရား လေးပါးလုံးလွတ်လို့ အရဟတ္တဖိုလ် ဆိုက်ပါတော့တယ်။
ဖတ်မှတ်ကြားနာသမျှ ရေးစဉ်အခိုက် စိတ်သည် ငြိမ်းအေးပူပန်သောကကင်း၏ စိတ်ဒုက္ခလွတ်၏။

အပ္ပမာဒေထ သမ္မာဒေထ။

၅-၁-၂၀၁၅

မနက် ၃ နာရီခွဲ။



ဝန်ခံချက်။       ။(စာရေးသူသည် လူဝတ်ကြောင် တဦးသာဖြစ်ပြီး အဘိဓမာသင်တန်းအား တက်ရောက်ဖူးခြင်းမရှိသကဲ့သို့ ဗုဒဘာသာနှင့် ပတ်သက်သော စာပေများကိုစနစ်ကျနစွာသင်ကြားထားခြင်းလည်း မရှိပါချေ။ သာမန် မိရိုးဖလာဗုဒဘာသာဘ၀မှ ကင်းလွတ်စေရန် အဘိဓမာဘာသာပြန်စာပေများကို ဖတ်ရှူခြင်းဖြင့်လည်းကောင်း မိုးကုတ်ဆရာတော်၊ မဟာစည်ဆရာတော်တို့၏ ဟောကြားချက်များကို ပြန်လည်ရေးသားထုတ်ဝေသော ၀ိပဿာပြန့်ပွားရေး စာစောင်စာအုပ်များနှင့်ကို ဖတ်ရှူ၍ သော်လည်းကောင်း၊ တရားလေ့လာသော သက်ကြီး ဆရာသမားများထံမှ နားလည်သမျှကိုသော်လည်းကောင်း ရတတ်သမျှ အချိန်အချို့ တွင် ကြိုးပမ်းလေ့လာနေသူတစ်ဦးမျှသာဖြစ်သဖြင့် ယူဆချက်များမှာ သမ္မာဒိဌိအမြင်စင်စစ်ဖြစ်သည်ဟု မဆိုနိုင်ပါချေ။ သာမန်ပုထုဇဉ်တစ်ဦးမျှသာ ဖြစ်သည်။ မိမိနားလည်သမျှကို မှတ်တမ်းတင်ယုံမျှသာ။)

Read More...