Monday, April 28, 2008

Wednesday, April 23, 2008

တရားအမေးအဖြေ(၂)

တရား အမေး အဖြေ

မေး။ ။ သမ္မုတိသစ္စာအလိုအားဖြင့် သံသရာကို ဘယ်နှစ်ပိုင်း ခွဲခြားပါသလဲ။

ဖြေ။ ။ သမ္မုတိသစ္စာ သံသရာကို သုံးပိုင်း ခွဲခြားထားပါတယ်။

မေး။ ။ သံသရာခွဲပုံလေး ပြောပြစမ်းပါ။

ဖြေ။ ။ (၁) အောက်သံသရာ (၂) အလယ်သံသရာ (၃) အထက်သံသရာ ဟူ၍ ခွဲခြားထားပါတယ်။

မေး။ ။ သမ္မုတိသစ္စာ သံသရာ သုံးမျိုး ခွဲခြားထားပုံကို ပြပေးပါ။

ဖြေ။ ။ သမ္မုတိသစ္စာ သံသရာကို (၃)ပိုင်း ခွဲခြားထားပုံကတော့

(၁) ငရဲ တိရ စ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ် ၄ ဘုံ ဆိုတဲ့ အောက်သံသရာ

(၂) လူ့ပြည် နှင့် နတ်ပြည် ခြောက်ထပ် (ကာမ သုဂတိ ၇ ဘုံ) ဆိုတဲ့ အလယ်သံသရာ

(၃) ရူပ ၁၆ ဘုံ၊ အရူပ ၄ ဘုံ၊ ဗြဟ္မာ ၂၀ ဆိုတဲ့ အထက် သံသရာ

မှတ်ချက်။ ။ ဗြဟ္မာ ၂၀ ထဲမှာ အရိယာတွေသာနေတဲ့ သုဒ္ဓါသါသ ငါးဘုံသည် သံသရာမလည်တော့ချေ။

မေး။ ။ အရိယာတွေနေတဲ့ သုဒ္ဓါဝါသ ငါးဘုံကို ရေတွက်ပြပါ။

ဖြေ။ ။ သုဒ္ဓါဝါသ ၁၅ဘုံဆိုတာ အ၀ိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌာ ဟူ၍ ဖြစ်ကြပါတယ်။

မေး။ ။ အောက်သံသရာမှ ဘယ်နည်းဖြင့် ထွက်ကြရပါမလဲ။

ဖြေ။ ။ အောက်သံသရာမှ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်တို့ဖြင့် ထွက်ကြရပါမယ်။

မေး။ ။ အလယ်သံသရာမှ ဘယ်နည်းဖြင့် ထွက်ကြရမလဲ။

ဖြေ။ ။ အနာပါမိမဂ်ဖြင့် ထွက်ကြရပါမယ်။

မေး။ ။ အထက်သံသရာမှ ဘယ်နည်းဖြင့် ထွက်ကြရမလဲ။

ဖြေ။ ။ အထက်သံသရာမှ အရဟတ္တမဂ် ခရီးဖြင့် ထွက်ကြရပါမယ်။

Read More...

တရားအမေးအဖြေ(၁)

မေး။ ။ သံသရာဆိုတာ ဘာလဲ။

ခန္ဓာနဉ္စ ပဋိပါဋိ၊

ဓာတု အာယာတနာနစ

အဗ္ဘောစိန္နံ ၀တ္တမာနံ

သံသာာရောတိ ပ၀ုစ္စတိ။

(ဓမ္မသင်္ဂဏီ အဋ္ဌကထာ)

ခန္ဓာနံ၊ ခန္ဓာနာမ်ရုပ်တို့၏၊ ပဋိပါဋိစ၊ အစဉ်အဆက်ကို လည်းကောင်း၊ ဓာတု အာယာတနာနနံ၊ ဓာတ် အာယတနတို့၏ ပဋိပါဋိစ၊ အစဉ်အဆက်ကို လည်းကောင်း၊ အဗ္ဘောစိန္နံ မပြတ်မလပ်၊ ၀တ္တမာနံ၊ လည်၍ဖြစ်နေသည်ကို ၊ သံသာရောတိ၊ သံသရာဟူ၍၊ ပ၀ုစ္စတ္တိ ၊ ဆိုအပ်၏။

ခန္ဓာ အာယတန ဓာတ်တို့ မပြတ်မလပ် မရပ်မနားဘဲ ဖြစ်ပျက်နေတဲ့ သဘာဝအစဉ်ကို သံသရာဟု ခေါ်ပါတယ်လို့ ဆိုလိုပါတယ်။

Read More...

ယောဂီ

ယောဂီ

ယောဂီ သင့်ကိုယ်ကို ပြန်မေးကြည့်ပါ။

သံသရာစခန်း သတ်လိုပါသလား။

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်။

(သံဝေဂ ကဗျာများ)

နေ၀င်ခါနီး ခရီးသည်တွေ ဘယ်ဆီဌာန ပြန်ကြမှာလေ။

အချိန်ရှိခိုက် ရှာလိုက်ပါလေ၊ နေ၀င်က ဒုက္ခ ပင်လယ်ဝေ။

ဇွဲကိုရှေ.တင်၊ ဥာဏ်နှင့်ယှဉ်၍၊ ဆင်ခြင်တိုင်းထွာ ၊ အားထုတ်ပါက၊

သေချာဧကန်၊ နိဗ္ဗာန်အောင်ပွဲ ရရာတည်း။

ချကိုပုံပြု၊ ပျားကိုတု၊ သိမှုဥစ္စာ ပညာရှာ။

ပညာဆည်းပူးနည်း

တသင်းမှတ်ကြ ထိုလူမျှတို့

သိပ္ပကိုမူ နည်းသည်ဟူ၍

မအောက်မေ့နှင့်

တွေ့ရာမှတ်သား မိုးပေါက်များသော်

အင်းနားချောင်းကန် ပြည့်သောဟန်တည့်။

[လောကနီတိပျို.]

Read More...

မိုးကုတ်ဆရာတော်ဘုရားကြီး ၏တရားအရသာများ(၃)

၅၁။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။

၅၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။

၅၃။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။

၅၄။ ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တန်းဝင်ရမဲ့ အချိန်ဘဲလို့ ဆုံးဖြတ်ချက်ချပြီး အလုပ်သာလုပ်ပါ။

၅၅။ ယခုအဖက်ဖက်မှ ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်မှတဲ့ ကာလလေးကို သားရေး သမီးရေး စီးပွားရေးတွေနဲ့ချည်း အချိန်မကုန်လွန်ပါစေနှင့်။

၅၆။ တဏှာ (လောဘ) ခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။

၅၇။ တဏှာ (လောဘ)ခိုင်းတိုင်း လုပ်လို့ သေလျှင် အပါယ်လေးပါး ရောက်မယ် ဆိုတာလဲကြောက်။

၅၈။ အ၀ိဇ္ဇာ တဏှာ ကိန်းလာရင် ဟိရိသြတ္တပ္ပ (အရှက် အကြောက်) မရှိတော့ဘူး။

၅၉။ သားရေး သမီးရေး စီးပွားရေး အတွက်သာ ဂရုစိုက်လုပ်နေရင် အချိန် အလွဲသုံးစား လုပ်တာဘဲ၊ လူမိုက်အချိန်ဘဲ ဆိုတာ မှတ်လိုက်။

၆၀။ သစ္စာတရားကို နာ၊ ဥာာဏ်က ခန္ဓာကိုလှည့်၊ ပစ္စုပ္ပန်ခန္ဓာ နောက်က ၀ိပဿနာ ဥာဏ်မလိုက်ရင် ဒုက္ခသစ္စာ လိုက်မှာဘဲ။

၆၂။ ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ (လူ နတ် ဗြဟ္မာ) ဘယ်ခန္ဓာရရ လောင်စာ (ထင်း) နှင့် (မီး) တွဲနေတာပဲ ရှိတယ်။

၆၃။ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။

၆၄။ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ။

၆၅။ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။

၆၆။ အာရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး၊ ၀ိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေး။

၆၇။ ဒါနက သံသရာမလည်၊ အသိမလိုက်လို့ သံသရာ လည်တာမှတ်ပါ၊ သစ္စာ သိပြီးလှူရင် ခန္ဓာကိုယ်ရောင်းလှူပါ။

Read More...

Saturday, April 19, 2008

မိုးကုတ်ဆရာတော်ဘုရားကြီး ၏တရားအရသာများ(၂)

၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။
၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။
၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ယခု သားနှင့် သမီးနှင့် ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီး အိပ်ရာညောင်စောင်းထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။

Read More...

Saturday, April 12, 2008

မိုးကုတ်ဆရာတော်ဘုရားကြီး ၏တရားအရသာများ(၁)

ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ၏

ခန္ဓာဥာဏ်ရောက် တရားဟောစဉ်များမှ ဓမ္မသံဝေဂ သြ၀ါဒကထာများနှင့်

တရားအရသာများ

၁။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ ဖြစ်ပျက်မှုတွင် ငါကောင်ထင် ခင်မင် သမုဒယမှတ်၊ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင် ဥာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်။

၂။ ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ် ဥာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။

၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ီရိယလျှော့၊ အားအင်ပျော့ခါ၊ လွန်စွာ ယူမှား၊ ဤငါးပါး၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။

၎။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။

၅။ ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။

“၂ ခါစီ ဆိုရမည်“

၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။

၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။

၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။

၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။

၅။ နားကြီးကြီးနဲ့ တရားနာပါ။

၆။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်က မဦးဘဲနဲ့ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။

၇။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။

၈။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။

၉။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။

၁၀။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။

၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။

၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။

၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။

၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။

၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။

Read More...

သစ္စာလေးပါး မြတ်တရား

Read More...

မိုးကုတ်ဆရာတော်ဘုရားကြီး၏ကျေးဇူးကြောင့် ”မြတ်စွာဘုရား ညွှန်ပြသောလမ်း” ကို အမှန်သိမြင်ခြင်း

ဂျာမနီရောက်ခါစ တစ်ယောက်တည်း ရှင်သန်ဖို့ စတင်ကြိုးစားနေချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များကို နာကြားခဲ့ပါသည်။ ကျွန်မဆီမှာလည်း စီဒီတစ်ချပ်သာ ရှိပါသည်။ ၀ယ်တုန်းကတော့ တရားသဘောဆိုတာလည်း မသိ၊ ဘာကိုရွေးရမှန်းမသိဖြစ်၍ စီဒီ တစ်ချပ်သာ ၀ယ်လာခြင်းဖြစ်ပါသည်။ အဲဒီတုန်းကတော့ ”ငါလဲ သိပ်နားထောင်နိုင်မှာ မဟုတ်ပါဘူး. စီဒီတစ်ချပ်ဆို တရားတွေအများကြီးပါတာ. ကုန်အောင်ပဲ နားထောင်ပါလေ့ ” ဆိုတဲ့ စိတ်ကူးနဲ့ တစ်ခွေတည်း ၀ယ်ခဲ့ပါသည်။ ခုမှ ကိုယ်ပိုင်ခွေ နောက်ထပ် ထပ်လိုချင်နေပါသည်။ ”မင်းသီလ” က download လုပ်လို့တော့ ရပါသည်။ ဒါပေမဲ့ လူ့စိတ် အစွဲအလန်းဆိုတာ ခက်သား။ ခု လက်ရှိ တစ်ခုတည်းသော တရားခွေလေးလို ”မန္တလေး မင်္ဂလာရိပ်သာ” ကျောင်းတိုက်က တရားခွေကိုမှ လိုချင်နေပြန်ပါသည်။ အဲဒီကျောင်းတိုက်မှာ တကယ့်လမ်းမှန်အစစ်ကို စတွေ့ခဲ့တာဆိုတော့ အစွဲအလန်းတော့ ရှိနေတာပေါ့လေ။ တရားတော်များကို နာကြားရာတွင် စီဒီထဲကအစီအစဉ်အတိုင်း(သို့မဟုတ်) ခေါင်းစဉ်လေးကြည့်ပြီးသာ နာကြားခဲ့ရပါသည်။ အသစ်တရားခွေမို့ ဘယ်ခေါင်းစဉ်က ဘာအကြောင်းဟောတယ်ဆိုတာ မသိခဲ့ပါ။ ထူးခြားသည်မှာ ဖွင့်မိသော တရားတော်တို့သည် ကျွန်မတွေ့ကြုံနေဆဲ ပြဿနာ၏ အဖြေများ ဖြစ် ဖြစ်နေတတ်ပါသည်။ ဥပမာ ကျွန်မသည် နေမကောင်း၍ ကျောင်းမသွားနိုင်ဖြစ်သောနေ့ … ကျွန်မက အလွန်ချုချာပါသည်။ ခဏခဏ ကျောင်းပျက်ရသောအခါ အလွန်စိတ်ပျက်မိပါသည်။ ကိုယ့်ကိုကိုယ်လဲ ”ငါ သူတစ်ပါး အပေါ် စိတ်ယုတ်မာ မထားခဲ့ဘူးပဲနဲ့ ဘာကြောင့်များ အနှောင့်အယှက်တွေ ဖြစ် ဖြစ်နေရပါလိမ့်” ရယ်လို့ စိတ်ဓါတ်ကျနေခဲ့ပါတယ်။ ပြည်ပတွင် ကျောင်းတက်နေရသူတိုင်း ဒီခံစားချက်ကို နားလည်ပါလိမ့်မည်။ သူများတွေ အလုပ်လုပ် နေကြတာလဲ မြင်နေရသည်။ ကိုယ့်မှာကလည်း အလုပ်က တပုံတပင်။ နေက မကောင်းတော့ အလုပ်မလုပ်နိုင်။ မလုပ်နိုင်တော့ စိတ်ဓါတ်ကျ။ စိတ်ဓါတ်ကျတော့ ကျန်းမာရေးက ပိုဆိုး။ အဲလိုတွေ ဖြစ်တတ်ပါသည်။ အဲဒါနဲ့ အခန်းထဲမှာ တစ်ယောက်တည်း နေ နေရင်း ဖွင့်လိုက်မိသောတရားက “သိကြားမင်း သောတာပန်တည်ပုံ” ဖြစ်နေပါသည်။ အဓိကဆိုလိုရင်းမှာ……သိကြားမင်းက မြတ်စွာဘုရားကို ”လူတွေဟာ ကျန်းမာရေးလဲ လိုက်စား။ သူများကိုလည်း ကျန်းမာ ချမ်းသာပါစေ မေတ္တာလဲပို့ကြပါတယ်။ ဒီလိုနေပါရက်နဲ့ ဘာကြောင့်များ အန္တရာယ်မကင်း ဘေးမရှင်း ကျန်းမာရေးမကောင်း ဖြစ်ကြပါသလဲ” ဟု မေးလျှောက်ပ်ါသည်။ မြတ်စွာဘုရားက”ထိုလူတွေ၏ စိတ်မှာ ဣဿာ မစ္ဆရိယ ရှိနေလို့ပါ” ဖြေကြားပါသည်။ အဲဒါ တရားတစ်ခုလုံး၏ အနှစ်ချုပ် ဖြစ်ပါသည်။ ထိုအကြောင်းကို အကျယ်တ၀င့် ဥပမာမျိုးစုံနဲ့ ဟောပြပါသည်။ ဣဿာ မစ္ဆရိယ ရဲ့ ပုံစံကို နည်းမျိုးစုံနဲ့ နားလည်အောင် ရှင်းပြပါသည်။ အရင်က ကျွန်မသိသည်က ”ဣဿာ မစ္ဆရိယ ဆိုတာ သူများကို မနာလို ၊ ၀န်တိုခြင်းတွေဖြစ်။ ကိုယ့်ထက်သာနေတဲ့သူကို ပျက်ဆီးအောင် လုပ်ခြင်း၊ မလုပ်ရဲတောင် ပျက်ဆီးပါစေဆိုတဲ့ ဆန္ဒရှိနေခြင်း၊ ကိုယ့်ဝဋ္ဋ်လိုက်မှာကြောက်လို့ အဲဒီ ဆန္ဒ ပေါ်လာရင်တောင် အတင်းဖျောက်သော်လည်း အဲဒီလူ တစ်ခုခုများ အဆင်မပြေဘူး ကြားလိုက်ရင် ရုတ်တရက် ၀မ်းသာသွားခြင်း။” အဲလိုတွေလို့ ထင်ခဲ့မိပါတယ်။ ဆရာတော် ဟောကြားနေတာကို နားထောင်နေရင်းနဲ့မှ ငါ့အဖြစ်နဲ့တူလှချည်လားလို့ တွေးရင်း စဉ်းစားလိုက်တော့ ”အမယ်လေး ဟုတ်ပေသားပဲ….ကျွန်မ ဖြစ်နေတာက သူများတွေ အလုပ်လုပ်နိုင်ပြီး ကိုယ်က မလုပ်နိုင်လို့ အားငယ်နေတာလေ”။ သူများတွေကို မနာလို မဖြစ်ဘူးလေ။ သူတို့လဲ နေမကောင်းပါစေနဲ့ရယ်လို့လဲ စိတ်ကူးမရှိဘူးလေ။ ဒါပေမဲ့ ကျွန်မက သူတို့ကျ လုပ်နိုင်ပြီး ငါမလုပ်နိုင်လေခြင်းဆိုပြီး အားငယ်နေတာလေ။ နှိုင်းယှဉ်နေတာလေ။ ကိုယ်တိုင်မကြုံဖူးတဲ့လူတွေကတော့ ဒါလေးက (ခဏလေးနေမကောင်းနေတာလေးက) ဒီလောက်စိတ်ဓါတ်ကျစရာ မရှိဘူးလို့ထင်ချင်ထင်ကြပါမည်။ ကိုယ်တွေ့ကြုံဖူးတဲ့သူကတော့ ခံစားရမှု အတိုင်းအတာကို ပိုသိပါလိမ့်မည်။ အဲဒီကျမှ ကျွန်မစိတ်ထဲမှာ လုံးဝကို မမြင်ရအောင် ပုန်းနေတဲ့ ဣဿာ (အလိုမကျမှု) ကြီးကို ဘွားကနဲ တွေ့လိုက်ပါတော့တယ်။ ဆရာတော်ရဲ့ တရားတော်ကို နားထောင်နေရင်းနဲ့ကို ဆရာတော်ဟာ ကိုယ့်စိတ်ကိုသိနေလို့ ကိုယ့်ရှေ့လာပြီး ဆုံးမနေသလို။ နင့်စိတ်က ဒီ ဣဿာကြီးရှိနေလို့ နေမကောင်း စိတ်ဓါတ်ကျ ဖြစ်နေတာဟဲ့လို့ တည့်တည့်ကြီးကို လာပြောနေသလို ခံစားရပါသည်။ အဲလိုသိလိုက်တာနဲ့ ချက်ချင်း ဣဿာကိုဖျောက်ပစ်လိုက်တာဟာ ချက်ချင်းကို စိတ်ဓါတ်ကျတာ ပျောက်သွားပါတော့တယ်။ ခန္ဓာကြီးကသာ အနာမို့ နေမကောင်းတာကျန်နေတာ။ စိတ်ဓါတ်ကျတာကတော့ ချက်ချင်းကို ပျောက်သွားပါတော့သည်။ အဲလိုပဲ မသိပဲ ဖွင့်လိုက်၊ ကိုယ့်ပြဿနာရဲ့ အနာပျောက်ဆေးကြီးဖြစ်လိုက် ကြုံတွေ့နေရတာ များလွန်းလှပါသည်။ သာမန် ဘာစိတ်ဒုက္ခမှမရှိဘဲနဲ့ တရားနာရင်တော့ သာမန်သိရုံပါပဲ။ ကိုယ့်စိတ်ဒုက္ခရဲ့ ထွက်ပေါက်လဲဖြစ်ရော ”ဟုတ်လိုက်တာ” လို့ကို ၀န်ခံပြီး ယုံကြည် လက်ခံသွားပါတော့သည်။ အဲလို အဖြေတွေတွေ့ တွေ့နေတော့ ပိုနှစ်သက် အာရုံစိုက်လာပါသည်။ ထပ်ခါထပ်ခါ တရားနာရင်းနဲ့ ၀ိပဿနာကို စိတ်ဝင်စားလာပါသည်။ ခုချိန်မှာတော့ ထို တရားခွေလေးကို နားထောင်နေခြင်းဟာ ခန္ဓာဝန်ကြီးက ဘယ်လိုကျွတ်အောင် လုပ်ရမလဲဆိုတာ သိဖို့ကို နားထောင်ခြင်း ဖြစ်နေပါပြီ။ ကျွန်မမှာ နည်းလမ်းကို ပြည့်စုံအောင် မသိပါ။ သိဖို့ ရှာဖွေဖို့ ”စိတ်ဝင်စား” နေတဲ့ အဆင့်ပဲ ရှိပါသည်။ ရှေ့ဆက်၍ ရေးမှာတွေကလည်း ထိုတရားခွေတစ်ခုတည်းကိုသာ နာကြားရင်းမှ ”သိလာသမျှကို ပြန်ပြော”သလို ရေးမှာ ဖြစ်ပါသည်။


Read More...

Wednesday, April 9, 2008

(၉) န၀င်း အဓိဌာန် ပုတီး စိတ်နည်း


တနလာၤ

အဂၤါ

ဗုဒၶဟူး

ၾကာသာပေတး

သောကြာ

စနေ

တနင်္ဂနွေ

တနင်္လာ

အင်္ဂါ

ပထမဆင့်

သမ္ဗာသမ္ဗုဒ္ဓေါ

(၂) ပတ်

ဘဂ၀ါ (၉)ပတ်

သုဂတော

(၄)ပတ်

သတ္တာဒေဝ

မနုဿာနံ

(၇) ပတ်

လောက၀ိဓူ

(၅) ပတ်

ဝိဇ္ဇာစရဏ သမ္ပန္နော

(၃)ပတ်

အနုတ္တရော ပုရိသ ဓမ္မသာရထိ

(၆)ပတ်

အရဟံ (၁)ပတ်

ဗုဒ္ဓေါ

(၈)ပတ်

ဒုတိယဆင့်

(၃)

(၁)

(၅)

(၈)

(၆)

(၄)

(၇)

(၂)

(၉)

တတိယဆင့်

(၄)

(၂)

(၆)

(၉)

(၇)

(၅)

(၈)

(၃)

(၁)

စတုတ္တဆင့်

(၅)

(၃)

(၇)

(၁)

(၈)

(၆)

(၉)

(၄)

(၂)

ပဉ္စမဆင့်

(၆)

(၄)

(၈)

(၂)

(၉)

(၇)

(၁)

(၅)

(၃)

ဆဌမဆင့်

(၇)

(၅)

(၉)

(၃)

(၁)

(၈)

(၂)

(၆)

(၄)

သတ္တမဆင့်

(၈)

(၆)

(၁)

(၄)

(၂)

(၉)

(၃)

(၇)

(၅)

အဌမဆင့်

(၉)

(၇)

(၂)

(၅)

(၃)

(၁)

(၄)

(၈)

(၆)

န၀မဆင့်

(၁)

(၈)

(၃)

(၆)

(၄)

(၂)

(၅)

(၉)

(၇)

၁) အ၀ါရောင် ခြယ်ထားသောနေ့များသည် သက်သက်လွတ်စားရန်ဖြစ်ပါသည်။

၂) ပထမ အဆင့်မှ ဆက်၍ ကျန်နေ့များ ကို ရည်တွက်ရန်၊ (ဥပမာ ဒုတိယဆင့် အတွက်ဆိုလျင် ဗုဒ္ဓဟူးနေ့  ၊၀ိဇ္ဇာစရဏ သမ္ပန္နော၊ (၃) ပတ် ဖြစ်၍ ကြာသပတေးနေ့၊ ဘဂ၀ါ ၉ ပတ်တွင် ပြီးပါမည်။ တတိယဆင့် အတွက် သောကြာနေ့ ၊ သုဂတော ၄ပတ်တွင် စ၍ စနေနေ့၊ အရဟံ ၁ ပတ်တွင်ပြီးပါမည်။)

၃) တစ်ဆင့် အောင်မြင်တိုင်း လိုရာဆု တစ်ဆုကို လေးနက်စွာဆုတောင်းပါ။ တစ်ဆင့် နှင့် တစ်ဆင့်ကြား အကြားအလပ်မရှိ တစ်ဆက်တည်းဖြစ်ပါသည်။

ကြံတိုင်းအောင်၍ ဆောင်တိုင်းပေါက်ကြပါစေ။

(သင်္ကြန်တွင်း အထိမ်းအမှတ်)






ဒီနေရာမှာ အပြည့်မပေါ်လို့ maharsan.blogspot.com မှာ သွားတင်ထားပါတယ်

ဒီလင့်ခ်ကို သွားကြည့်ပါ


Read More...