Sunday, April 13, 2014
ခန္ဓာ ငါးပါး
၁။ ခန္ဓာ ငါးပါး
ခန္ဓ’ သဒ္ဒါသည် ‘အစုအပုံ’ ဟူသော အနက်ကို ဟော၏။ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ၊ အဇ္ဈတ္တ ၊ ဗဟိဒ္ဓ ၊ သြဠာရိက ၊ သုခုမ ၊ ဟီန ၊ ပဏီတ ၊ ဒူရ ၊ သန္တိက ၊ အားဖြင့် များပြားလှသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ် တို့ကို ၅ စု ၅ပုံ စုပုံထားခြင်းကို ခန္ဓာ ငါးပါးဟုခေါ်သည်။
စဉ်
ခန္ဓာအမည်
အဓိပါယ်နှင့်တရားကိုယ်
၁။
ရူပခန္ဓာ
ရုပ် ၂၈ ပါးတို့အပေါင်းအစု
၂။
ဝေဒနာက္ဓာ
ဝေဒနာတို့အပေါင်းအစု
၃။
သညာက္ဓာ
သညာတို့အပေါင်းအစု
၎။
သင်္ခါရက္ဓ္ဓာ
ဝေဒနာ ၊ သညာတို့မှ ကြွင်းသော စေတသိက် ၅၀ တို့၏ အပေါင်းအစု
၅။
ဝိညာဏက္ဓာ
စိတ်အကျဉ်း ၈၉ ၊ အကျယ် ၁၂၁ ပါးတို့၏ အပေါင်းအစု
၂။ ဥပါဒါနက္ဓာ ငါးပါး
ဥပါဒါန်တရား (လောဘ နှင့် ဒိ) တို့အာရုံဖြစ်သော ခန္ဓာ ကို ဥပါဒါနက္ဓာ ဟုခေါ်သည်။ ဥပါဒါန်တို့အာရုံဖြစ်သော ခန္ဓာသည် လောကီစိတ်များထိုစိတ်တို့နှင့်ယှဉ်သော စေတသိက်များ နှင့် ရုပ်တရားများဖြစ်ကြသည်။ လောကုတရာစိတ် စေတသိက် တို့ မပါဝင်ကြချေ။
စဉ်
ဥပါဒါနက္ခန္ဓာအမည်
တရားကိုယ်
၁။
ရူပုပါဒါနက္ဓာ
ရုပ် ၂၈ ပါးတို့အပေါင်းအစု
၂။
ဝေဒနုပါဒါနက္ဓာ
လောကီစိတ် ၈၁ ပါးနှင့်ယှဉ်သော ဝေဒနာ တို့အပေါင်းအစု
၃။
သညုပါဒါနက္ဓာ
လောကီစိတ် ၈၁ ပါးနှင့်ယှဉ်သော သညာတို့အပေါင်းအစု
၎။
သင်္ခါရုပါဒါနက္ဓာ
ဝေဒနာ သညာ တို့မှကြွင်းသော လောကီစေတသိက် ၅၀ တို့အပေါင်းအစု
၅။
ဝိညာဏုပါဒါနက္ဓာ
လောကီစိတ် ၈၁ ပါးတို့အပေါင်းအစု
၃။ ခန္ဓာ နှစ်မျိုး ဟောရခြင်းအကြောင်းအရင်း
၁။         လောကီဖြစ်စေလောကုတရာ ဖြစ်စေ ခန္ဓာဖွဲ့ရကောင်းသမျှသော တရားများအားလုံးကို သိမ်းကျုံးလျက် ပြတော်မူခြင်းငှာ ပထမခနဒေသနာကို ဟောတော်မူ
၂။         ၀ိပနာ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါကား လောကုတရာခန္ဓာများကို အာရုံပြုမစီးဖြန်းရပါ။ ၀် ဒု ကတရားများကို အာရုံပြုစီးဖြန်းပါမှ အနိစ္စ၊ ဒုက္ခ၊ အနတသဘော ထင်မြင်နိုင်သည်။ သို့အတွက် ၀ိပနာရှုမှတ်ရန်အလို့ငှာ လောကီတရားများသက်သက်ကို ခန္ဓာဖွဲ့လျက် ဒုတိယ ဥပါဒါနကဒေသနာကို ဟောတော်မူ
၅။ ရုပ် (၂၈) ပါး ဟူသည်။
ရုပ်အား အကျဉ်းအားဖြင့် ဘူတရုပ် နှင့် ဥပါဒါရုပ် ဟူနှစ်မျိုးခွဲခြားသည်။ ဥပါဒါ ရုပ်ထက် ကြီးကျယ်ထင်ရှားသော ရုပ်များကို ဘူတရုပ်များဟုခေါ်။ များစွာစုဖွဲ့မိလျင် အကြီးအကျယ် ဖြစ်တတ်သောကြောင့် မဟာဘူတ (မဟာဘုတ်) ဟုလည်း အမည်ရ။ ဘူတရုပ်လေးပါးရှိ။ ဘူတရုပ်တို့ကို မှီတွယ်ဖြစ်ကြသောရုပ် ၂၄ ပါးကို ဥပါဒါရုပ်များဟုခေါ်
၁။
ဘူတရုပ် ၄ ပါး
ပထ၀ီ
အာပေါ
တေဇော
ဝါယော
၂။
ဥပါဒါရုပ် ၂၄ ပါး
ပသာဒရုပ်
၅ပါး
ဂေါစရရုပ်
၎ ပါး
ဘာဝရုပ်
၂ ပါး
ဟဒယ၀တ
၁ ပါး
ဇီဝိတရုပ်
၁ ပါး
အာဟာရရုပ်
၁ ပါး
ပရိစေဒရုပ်
၁ ပါး
ဝိညတ်ရုပ်
၂ ပါး
ဝိကာရရုပ်
၃ ပါး
လက္ခဏရုပ်
၎ ပါး
၆။ လောကီစိတ် (၈၁) ပါးဟူသည်
အကုသိုလ်စိတ် ၁၂ မျိုး
လောဘမူစိတ်
 ၈ မျိုး
လိုချင်တပ်မက်မှု
လောဘ အရင်းခံသည်
ဒေါသမူစိတ်
၂ မျိုး
စိတ်ဆိုးစိတ်ပျက်မှု ဒေါသအရင်းခံသည်
မောဟမူစိတ်
မသိတွေဝေမှု
မောဟ အရင်းခံသည်။
အဟိတ်စိတ် ၁၈ မျိုး
အကုသလ ၀ိပါက်စိတ် ၇ ပါး
မြင်၊ ကြား၊ နံ၊ စား၊ ထိသိစိတ် အာရုံလက်ခံစိတ်၊ အာရုံစူးစမ်းစိတ်
အဟိတ် ကုသလ၀ိပါက်စိတ်
 ၈ ပါး
အဟိတ်ကြိယာစိတ်
 ၃ ပါး
ကာမ သောဘဏစိတ်
 ၂၄ မျိုး
မဟာကုသိုလ်စိတ်
၈ ပါး
(ရဟနာ မဟုတ်သောပုဂိုလ်တို့ ကုသိုလ်ပြုသည့်စိတ်များ)
မဟာဝိပါက်စိတ်
 ၈ ပါး
(ရှေးကုသိုလ်ကံအကျိုးဖြစ်သောစိတ်)
မဟာကြိယာစိတ်
၈ ပါး
(ရဟနာပုဂိုလ်တို့ ကုသိုလ်ပြုသည့်စိတ်များ)
ရူပါဝစရ ကုသိုလ်စိတ်
 ၅ ပါး
(ရူပဈာန်ပုထုဇဉ် နှင့် သေကပုဂိုလ်တို့ရူပဈာန် ကုသိုလ်စိတ်များ)
ရူပါဝစရ ၀ိပါတ်စိတ်
၅ ပါး
(ရူပဈာန်ကုသိုလ်အကျိုးစိတ်များ)
ရူပါဝစရ ကြိယာစိတ်
၅ ပါး
(ရူပဈာန်ရ ရဟနာတို့အရူပဈာန်စိတ်များ)
အရူပါဝစရ ကုသိုလ်စိတ်
၎ ပါး
(အရူပဈာန်ပုထုဇဉ် နှင့် သေကပုဂိုလ်တို့အရူပဈာန် ကုသိုလ်စိတ်များ)
အရူပါဝစရ ၀ိပါတ်စိတ်
၎ ပါး
(အရူပဈာန်ကုသိုလ်အကျိုးစိတ်များ)
အရူပါဝစရကြိယာစိတ်
၎ ပါး
(အရူပဈာန်ရ ရဟနာတို့အရူပဈာန်စိတ်များ)
(ဒေါက်တာမင်းတင်မွနှ်ရေးသော ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ် (စတုတ္တ အကြိမ်) မှ ကောက်နှုတ် ကူးယူပါသည်။)
No comments: