Thursday, April 15, 2010

ဂုဏ်တော်တစ်ထောင် ပုတီးစိတ်နည်း

အရဟံ ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
သမ္မာသဗ္ဗုဒ္ဓေါ ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
ဝိဇ္ဇာစရဏ သမ္ပန္နော ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
သုဂတော ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
လောက၀ိဓူ ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
အနုတ္တရော ပုရိသ ဓမ္မသာရထိ ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
သတ္တာဒေ၀ မနုဿာနံ ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
ဗုဒ္ဓေါ ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
ဘဂ၀ါ ပုတီးတစ်ပတ် (၁၀၈ ကြိမ် ဘာဝနာပွားများသော ဂုဏ်တော်)
အရဟံ သမ္မာသဗ္ဗုဒ္ဓေါ ၀ိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောက၀ိဓူ အနုတ္တရော ပုရိသ ဓမ္မသာရထိ သတ္တာဒေ၀ မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါ စသည်ဖြင့် ဂုဏ်တော် တပါးကို ပုတီးတစ်လုံးကျစီဖြင့် တစ်ပတ် (၁၀၈ ကြိမ် ပွားများသော ဂုဏ်တော်)


၉ ပါးသော ဂုဏ်တော် တို့ အား စုစုပေါင်း အကြိမ်ရေ ၁၀၈၀ ကြိမ် ပွားများ ပူဇော်ပြီး ဖြစ်ပါလိမ့်မည်။

ပုတီးစိတ်သော အလေ့ကို အခြားသော ဘာသာ တို့တွင်လည်း တွေ့ရှိဖူးပါသည်။ ပုတီးစိတ်သော အလေ့သည် ဗုဒ္ဓ ဟောပြောသော နည်းလမ်းတွင် မပါဝင်ဟုလည်း မှတ်သားဖူးပါသည်။ ပုတီးအစား ရေတွက်စက်ဖြင့် မှတ်သားပြီး ဗုဒ္ဓဂုဏ်ကို ပူဇော်လျှင်လည်း အကျိုးကျေးဇူးမှာ အတူတူပင် ရှိမည်ဟုထင်ပါသည်။ သိမ်ဝင် ပုတီး၊ ကရမက်သားပုတီး၊ သနပ်ခါးပုတီး၊ စက်ဖြင့်ရေသောပုတီး မည်သည့် အမျိုးအစားသော ပုတီးကို သုံးသည်ဖြစ်စေ စာရေးသူအဖို့ ပုတီးစိတ်ခြင်း၏ အဓိက ရည်ရွယ်ရင်းမှာ ဗုဒ္ဓဂုဏ်တော်ကို စိတ်တွင်ထည့်၍ ပွားများပူဇော်ရင်း မိမိပြီးမြောက်သော အဓိဌာန်တစ်ခုအတွက် စိတ်အင်အား ယုံကြည်မှုသဒ္ဓါ တိုးစေလိုရင်းဖြစ်ပါသည်။ လောကီ လောကုတ် နှစ်ဖြာ အကျိုးကို အမှန်ပင်တက်စေနိုင်သော ပွားများမှု ဟူ၍ လည်း စာရေးသူ ယုံကြည်မိသည်။ လက်တွေ့တွင် သုံးမရသော အကြောင်းတရားတို့သည် လက်တွေ့မကျသော ဘ၀တို့ အတွက် သုံးရမည် ဟု၍လည်း မယုံကြည်ပါ။ ဗုဒ္ဓဂုဏ်တော်ကို ပွားများခြင်းသည် ဘာဝနာ ကုသိုလ် ရထိုက်သည်ဟု ယူဆပါသည်။

No comments: